AYA
SIMPLEPAY PLAN လျှောက်ထားရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ
၁။ AYA Credit Card (MPU, MPU-JCB Co-brand, MPU-UPI Co-brand နှင့် VISA brand)
အားလုံးဖြင့် SimplePay ကို အသုံးပြုနိုင်ပါသည်။
၂။ (၆) လ၊ (၉) လ နှင့် (၁၂) လ Plan ဟူ၍ SimplePay Plan (၃) မျိုးရှိပါသည်။
၃။ AYA SimplePay Instalment Plan ကို ကျပ် ၁၅၀,၀၀၀ နှင့်အထက် ပစ္စည်းများအတွက်
ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ထားသော ဆိုင်များတွင် အရစ်ကျစနစ်ဖြင့် ပေးဝယ်နိုင်ပါသည်။
၄။ AYA SimplePay အသုံးပြုမည့်သူသည် AYA Credit Card ဖြင့် ဝယ်ယူပြီးနောက် ရက်ပေါင်း
(၃၀) အတွင်း SimplePay Plan ကို ပြောင်းလဲရန်အတွက် AYA SimplePay Portal ၌
စာရင်းသွင်း၍သော်လည်းကောင်း၊ AYA SimplePay Hotline သို့ ဆက်သွယ်၍သော်လည်းကောင်း
လျှောက်ထားနိုင်ပါသည်။
၅။ SimplePay Plan ကိုအသုံးပြုပြီးနောက် ဝယ်ယူထားသည့် ပစ္စည်းကို မကြိုက်သောကြောင့်
ပြန်လည်လဲလှယ်ခြင်း၊ ငွေပြန်လည်အမ်းခြင်းများ ပြုလုပ်ခြင်းကို (လုံးဝ)ခွင့်မပြုပါ။
၆။ Cardholder သည် SimplePay အသုံးပြုရန်အတွက် ဧရာဝတီဘဏ် မှ တောင်းခံသောလိုအပ်သည့်
အထောက်အထားများကို တင်ပြနိုင်ရမည်။ SimplePay ကို Cardholder မှ ရရှိထားသော Credit
limit အတိုင်းသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၇။ Credit Cardholder သည် SimplePay Plan ၏ စည်းမျဉ်းစည်းကမ်းများကို
အတိအကျလိုက်နာရမည်။
၈။ ထပ်မံ၍ အသေးစိတ်သိရှိလိုပါက 09 458588953 သို့ ရုံးဖွင့်ရက် (၉) နာရီ မှ (၅)
နာရီအတွင်း ဆက်သွယ် နိုင်ပါသည်။